မိုးကောင်းကင်နှင့်တူသော သူငယ်ချင်း-ဒုတိယပိုင်း ( မင်းသိင်္ခ )

ကြီးပွားချမ်းသာဖို့ ကြိုးစာအားထုပ်နေသူများ အတွက် အထောက်အပံ့ ဖြစ်စေချင်းငှာ ဖော်ပြပါသည်။

အပိုင်း (၁) ကိုအရင် ဖတ်ချင်ပါက ဒီနေရာတွင် ဖတ်ပါ။

အဲဒီနေ့မှာပဲ မြသွေးက ကျွန်တော်ဆီရောက်လာတယ်။ ကျွန်တော်ကို တွေ့တော့ ကျွန်တော်က စကားနာထိုးမယ် လို့ ထင်နေတာ။ ဒီကောင်က တော်ပါတယ်။ စကားနာ မထိုးရှာဘူး။

ဒီနှစ် မအောင်လဲ နောင်နှစ်ပေါ့ကွာ။ စိတ်မပျက်ပါနဲ့” လို့ အားပေးရှာတယ်။ ပြီးတော့ စိတ်ပြေလက်ပျောက် ဖြစ်အောင်ဆိုပြီး သူက ကျွန်တော်နဲ့ အုန်းမြင့်ကို ပုဂံကို ဘုရားဖူးခေါ်သွားတယ်။ ပုဂ့က ပြန်လာပြီးတော့ နောင်နျစ်ကျောင်းတက်ဖို့ ကျောင်းစရိပ်တွေ သူက အကုန်ခံတယ်။ သူ မြင်းနိုင်ထားတယ်ဆိုပြီး စာအုပ်တွေ ၀ယ်ပေဒတယ်။ အင်္ကျီတွေ ၀ယ်ပေးတယ်။ အင်္ကျီတွေ ချုပ်ပေးတယ်။ အဲဒီနောက်မှာတော့ မြသွေးနဲ့ ကျွန်တော်တို့ မတွေ့ကြတော့ဘူး။ သူ့အကြောင်းလည်း စုံစမ်းလို့ မရတော့တော့ဘူး။ ကျွန်တော်တို့ ကျောင်းသား အရွယ်ကလွန်မြောက်ပြီး ရုံးတွေဘာတွေမှာ ၀င်အလုပ်လုပ်နေကြပြီ။ ဒီကောင်နဲ့ (၇)နှစ်လောက် ကွဲသွာဒတယ်ဆိုပါတော့.....

တစ်နေ့မှာ ရုံးဆင်းတဲ့ အချိန်ကြီးပေါ့...။ ကျွန်တော်က အညောင်းပြေသဘောနဲ့ ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်ပြန်လာတာ။ အဲဒီမှာ မြသွေးနဲ့ ဗြုန်းကနဲ့ သွားတွေ့တယ်။ ဒီကောင့် အသားတွေက်လည်း မုန့်ကျွဲ သည်းလိုပဲ။ နီကြောင်ကြောင်နဲ့။ ဒီကောင်က ကျွန်တော့်ကို တွေ့တော့ ပြုံးပြတယ်။ ကျွန်တော်ကလည်း အားရ၀မ်းသာနဲ့ “ ဟေ့ကောင်မြသွေး။ မင်း ဘယ်ပျောက်နေတာလဲ၊ နေပါဦး၊ မင်းအသားအရောင်တွေကလည်း တစ်မျိုးပါလား...” လို့ ကျွန်တော်က ပြောမိတယ်။ အဲဒီအခါမှာ မြသွေးက...

“ ဟေ့ကောင် ... အောင်ထွန်း၊ ငါ့အသားအရည်တွေက တစ်မျိုးပဲဆိုတော့ မင်း အသားအရောင်တွေကလည်း တစ်မျိုးပဲ ဆိုတော့ ဘယ်လိုဖြစ်နေလို့လဲ ” လို့ ပြန်မေးတယ်။ “ ငါ့မျက်စိထဲမှာ မင်းရဲ့ အသားအရောင်ဟာ အရင်လို မဟုတ်ဘူး။ မုန့်ကျွဲသည်း အရောင်လို ဖြစ်နေတယ် ” လို့ ပြန်ပြီး ပြောလိုက်တော့ ဒီကောင်က ရယ်တယ်။

“ မုန်ကျွဲသည်းနဲ့ မတူဘူးကွ။ ငါ့အသားအရည်က ပုန်းရည်ကြီး အေ၇ာင်နဲ့ တူနေတာ။ ငါထောင်က လွတ်လာတာ နှစ်ရက်ပဲ ရှိသေးတယ်။ ငါ(၁၀)တန်း အောင်တဲ့နှစ်မှာ ဖဲဝိုင်းမှာ လူတစ်ယောက်ကို ဓားနဲ့ ထိုးမိလို့ ငါထောင်ကျသွားတယ်။ ဖြစ်တာက မုံရွာဘက်မှာ ဖြစ်တာပေါ့။ မင်းတို့ မသိလိုက်ဘူး။ ငါ ထောင်ဆယ်နှစ် ကျသွားတယ် ” လို့ မြသွေးးက ကျွန်တော်ကိုပြောတယ်။ ကျွန်တော် တော်တော်ပဲ စိတ်မကောင်းဖြစ်သွားတယ်။

“ မင်းနှယ်ကွာ၊ ငါနဲ့ အုန်းမြင့်ဆိကို အကြောင်းကြားသင့်တာပေါ့။ ဘာဖြစ်လို့ အကြောင်းမကြားတာလဲလို့ ” ကျွန်တော်က အပြစ်တင်လိုက်တယ်။ အဲဒီအခါမှာ မြသွေးက.. “ ကိုယ့် ဒုက္ခနဲ့ ကိုယ် ရှိပါစေကွာ။ ငါတော့ ဘယ်သူ ကိုမှ ဒုက္ခ မပေးချင်ဘူး။ ပြီးတော့ မင်းတို့ အကြောင်းကို ငါ ထောင်ထဲမှာ ကတည်းက စုံစမ်းကြည့်တယ်။ မင်းတို့ နှစ်ယောက်စလုံး ဆင်းဆင်းရဲရဲနဲ့ စာရေး လုပ်စားနေရတယ်ကြားလို့ ငါ စိတ်မကောင်းပါဘူး ” လို့တောင် ကျွန်တော်ကို ပြန်ပြီးပြောလိုက်သေးတယ်။

“ ဆင်းရဲတာကတော့ မှန်ပါတယ်ကွာ။ ဒါပေမယ့် ချို့ချို့ ငဲ့ငဲ့တော့ မရှိလှပါဘူး။ ဘာပဲဖြစ်ဖြစ် ခုလို တွေ့တုန်းကြုံတုန်း မင်းနဲ့ ငါ စကားပြောချင်သေးတယ် ” လို့ ကျွန်တော်က ပြောတော့ သူက နှစ်လိုဖွယ်ရာ ပြုံးတယ်။ “ မင်း ငါပြောတဲ့ စကားတွေကို နားထောင်ချင်လား ” လို့ သူက ပြန်ပြီး မေးတယ်။ “ မဟုတ်ဘူး၊ မင်းလဲ ပြော၊ ငါလည်း ပြောမယ် ” လို့ ကျွန်တော်က ပြန်ပြီးပြောတော့ သူက ပြုံးတယ်။ “ ငါက မင်းကို စကားပြောဖို့ ခိုင်လုံတဲ့ အကြောင်းရှိတယ်။ မင်းကရော ငါ့ကို စကားပြောဖို့ ခိုင်လုံတဲ့ အကြောင်းရှိရဲ့လား ” လို့ သူက ပြန်မေးတယ်။

“ ရှိတာပေါ့ မြသွေးရ။ ပထမတစ်ချက်က မင်းနဲ့ ငါနဲ့ သူငယ်ချင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရမှာပေါ့။ ဒုတိယအချက်က မင်းအနေနဲ့ မဖြစ်သင့်တာတွေ မဖြစ်အောင် ငါက ပြောရဦးမယ် မဟုတ်လား ” လို့ ကျွန်တော်က ပြောလိုက်တဲ့ အခါမှာ မြသွေးက ရယ်ပြန်တယ်။ ပြီးတော့ “ မင်းက ငါ့ကို ဆုံးမမလို့လား၊ မဆုံးမပါနဲ့ကွာ။ ဆုံးမတာတို့ ၊ ငါ့ကို တားမြစ်တာတို့ဆို ငါ မကြိုက်ဘူး။ ငါ ပြောပြီးပါပကောလား။ ငါ ကောင်းတာပဲ လုပ်လုပ်၊ မကောင်းတာပဲ လုပ်လုပ် ငါ့ကို မြှောက်ပေးပါလို့ ” ပြောပြန်တယ်။ အဲဒီတော့ ကျွန်တော်က ....

ငါဟာ မင်းရဲ့ ငါအနေနဲ့ မိတ်ဆွေကောင်းဖြစ်တယ်ကွ။ မိတ်ဆွေကောင်းဆိုတာ မြှောက်မပေးရဘူး။ မကောင်းတာ ကို တားမြစ်ရမယ် မဟုတ်လား ” လို့ ကျွန်တော်က ပြောလိုက်တော့ ... ဒီကောင်က “ မဟုတ်တာတွေ လာပြီး ပြောမနေပါနဲ့ ။ ငါ့အနေနဲ့ မိတ်ဆွေကောင်း မလိုချင်ဘူး။ ငါ့ကို မြှောက်ပေးတဲ့ လူပဲ လိုချင်တယ်။ ငါ့ကို ဘယ်လောက်မြှောက်ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အဲဒီ မိတ်ဆွေရဲ့ တန်ဖိုးကို ငါ သတ်မှတ်တယ်။ ဘာပဲ ဖြစ်ဖြစ် မင်းနဲ့ ငါ စကားမပြောရင် ကောင်းမယ်။ ဘာကြောင့်လဲ သိလား။ ငါ့ခေါင်းထဲကို သူတစ်ပါးရဲ့ အကြံအစည်တွေ အတွေးအခေါ်တွေ မ၀င်စေချင်ဘူး။ ငါ့စိတ်ကလေးဟာ မူလနဂိုအတိုင်း သန့်သန့်ရှင်းရှင်း ကလေးရှိနေတယ်။ အဲဒါလေးကို ညစ်ကြေးသွားအောင် မလုပ်ပါနဲ့ကွာ။ အဲဒီတော့ ငါပြန်မယ်။ နောက်မှ တွေ့ကြတာပေါ့ ” ဟု မြသွေးက ပြောတယ်။

အဲဒီတော့ ကျွန်တော် အနေနဲ့ ထိပ်ထိပ်ပြာပြာ ဖြစ်သွားတယ်။ “ မပြန်ပါနဲ့ဦး သူငယ်ချင်းရာ။ ငါ့ကို စကားပြောခွင့် မပေးရင်လည်း နေပါ။ မင်းပဲ ပြောပါ။ ငါ နားထောင်ပါ့မယ် ” လို့ ပြောလိုက်တော့ ဒီကောင်က..

အဲလို လုပ်စမ်းပါ အောင်ထွန်းရာ၊ ငါပဲ ပြောမယ်၊ မင်းနားထောင် ” လို့ ပြောပြီး ကျွန်တော်လက်ကို ဆွဲတယ်။ ပြီးတော့ ကန်စပ်မှာ နှစ်ယောက်သား ထိုင်ကြတယ်။ ပြီးတော့ မြသွေးက သူ့အိပ်ထဲက ဆေးပေါ့လိပ် တစ်လိပ်ကို ထုပ်ပြီး နတ်သမီး မီးခြစ်ကို ရှဲကနဲ နေအောင်ခြစ်လိုက်တယ်။ ပြီးတော့ ဆေးလိပ်ကို ရဲကနဲ ရဲကနဲ နေအောင် ရှိုက်ဖွာလိုက်တယ်။ ပြီးတော့ မီးခိုးတွေကို ကောင်းကင်ဆီကို မှုတ်ထုပ်လိုက်တယ်။

“ သပဒေနဲ့ မကင်းတာ ငါ ဘာမှ မလုပ်တော့ဘူး။ အရင်ကလည်း ငါ့အနေနဲ့ လောင်းကစားပဲ လုပ်တာ. ဒီက ရှေ့လျှောက်ဆိုရင် လောင်းကစားတောင် လုပ်ဖြစ်တော့မယ် မထင်ဘူး။ ငါ့အနေနဲ့ စီးပွားရေးကို ဖိဖိစီးစီး လုပ်ရတော့မှာ။ ငါ ချမ်းသာမှ ဖြစ်မယ်။ ဘာကြောင့်လဲ သိလား။ မင်းတို့ကို ငါ့အနေနဲ့ ပေးနိုင်ကမ်းနိုင်ဖို့ပေါ့။ အခုတော့ ငါ့အခြေအနေက သုညအောက် ယူဇနာ တစ်ရာရောက်နေပြီ။ အဲဒီကနေ ပြန်ပြီး ကြိုးစားယူရမှာပဲ ” လို့ သူက ပြောတယ်။ အဲဒီတော့ ကျွန်တော်က ..

“ သူဋ္ဌေး ဖြစ်အောင် လုပ်တဲ့ နည်းရှိလား ” လို့ မေးလိုက်တယ်။

တတိယပိုင်း ဆက်လက်ဖော်ပြပေးပါမည်....

0 comments:

Post a Comment