ဝေးတစ်မြေမှ-မေးလေသမျှ



မိမိတို့ သိလိုသော ကိစ္စများ၏ အဆင်ပြေ၊ မပြေ ၊ ရ ၊ မရ ၊ ကောင်း ၊ မကောင်းစသည်ဖြင့် ဗေဒင်မေးချင်ပါက heintinzaw8@gmail.com သို့ email ပို့ကာ ကျွန်ုပ်၏ ဗေဒင်ဟောခ ပညာပူဇော်ခကို ပေး၍ မေးမြန်း နိုင်ပါ ကြောင်းနှင့် ဟောစာတမ်းများ ကိုလည်း မှာယူချင်တယ် ဆိုရင်တော့ ဒီနေရာလေးကနေ တဆင့် လေ့လာ နိုင်ပါတယ်။

အားလုံးအဆင်ပြေကြမည်ဟု မျှော်လင့်လျှက်
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
ဆရာဟိန်းတင့်ဇော်

28 comments:

Anonymous said...

ဆ၇ာ၇ှင့် လက်၇ှိဖြစ်နေတဲ့ အထင်အမြင်လွဲမှားနေမှု့ ပြသနာ သူ့ အလိုလိုပြီးသွားနိုင်ပါလား သိချင်ပါတယ်။
တဖက်က သူ့ အလိုလိုပြီးသွားအောင် ဘာလုပ်၇မလဲသိချင်ပါတယ်။
မွေးနေ့ က 3/4/1974 ပါ၇ှင့်။

ခင်လေး

Anonymous said...

ဆရာခင်ဗျား ကျွန်တော့်မိသားစုနှင့် နားလည်မှု့ လွဲမှားနေပါသဖြင့် မိသားစုမှ ကျွန်တော့်အား အမြင်မှန်စေ၇န် ဘာလုပ်၇မလဲသိချင်ပါတယ်။ လက်၇ှိ Singapore မှာအလုပ်လုပ်နေပါတယ်။
မွေးနေ့ က ၈/၂/၁၉၇၃ ပါ။

မောင်စိုး

Akhara said...

ဆရာ ကျွန်မ အချစ်ရေးမေးချင်တာပါ။ ကျွန်မမှာ အခု ချစ်သူရှိပါတယ်။ သူက indian ပါ။ ကျွန်မနဲ့အတူတူ oversea အလုပ်လုပ်နေရင်း တွေ့ကြတာပါ။ သူက ကျွန်မထက် အများကြီးငယ်ပါတယ်။ ပြီးတော့ သူတို့ အမျိုးတွေ ကဇာတ်အမြင့်ဆုံး brahmin ဆိုတော့ တခြားဘာသာလူမျိုးနဲ့ လက်ထပ်လို့လုံးဝ (လုံးဝ) မရပါဘူး။ ကျွန်မကလဲ သူနဲ့ လက်မထပ်ချင်ပါဘူး။ ဒါပေမဲ့ ချစ်နေလို့ ရသမျှ ချစ်နေချင်ပါတယ်။ ဆရာပြောတဲ့ လင်ဗန်းထဲ နားကပ်ထည့်တဲ့ အဆောင်ကို လုပ်တာ အ၇မ်းထိရောက်ပါတယ်။ သူက ခါတိုင်းထက်ပိုပြီး ကျွန်မနားကပ်ပါတယ်။ ဒါပေမဲ့ သူက ငယ်တဲ့သူဖြစ်တဲ့အလျှောက် အိန္ဒိယမှာလဲ တက္ကသိုလ်တုန်းက ကုလားမလေးတစ်ယောက်ရှိပါတယ်။ သူနေ့တိုင်းလိုလို အဲဒီကောင်မလေးကို ဖုန်းဆက်ပါတယ်။ အဲဒီကောင်မလေးကိုလဲ သူလက်ထပ်လို့မရပါဘူး။ နောက်ထပ် ဒီမှာ အလုပ်လုပ်ရင်းနဲ့ သူ့ကိုကြိုက်ကြတဲ့ ကောင်မလေးတွေလဲ ရှိပါတယ်။ Black berry တယ်လီဖုန်းနဲ့ တနေ့တနေ့ ကောင်မလေးတွေက မက်ဆေ့ပို့တာ ချက်တင်ပြောတာတွေ အဲဒါတွေကို ကျွန်မ လုံးဝ မကြိုက်ပါဘူး။ သူ့မိဘက ပေးစားတဲ့သူကို ငြင်းမဖြစ်လို့ လက်ထပ်ရတဲ့ အချိန်အထိ ကျွန်မ တစ်ယောက်ဆို တစ်ယောက်ကိုပဲ သူချစ်နေစေချင်ပါတယ်။ အဲလို ကျွန်မတစ်ယောက်ထဲကိုပဲ သူစိတ်ဝင်တစားချစ်ပြီး တခြားသူတွေကို စိတ်မ၀င်စားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာလေး ပြောပြပေးပါလားဆရာရယ်။ ကျွန်မတို့က အတူတူနေပါတယ်ဆရာ။ ဆရာရဲ့ လင်ဗန်း-နားကပ်ယတြာက ရေကို နွားနို့ထဲ ထည့်ကျိုပြီးတိုက်လိုက်တာ နောက်တစ်နေ့ မနက်မိုးလင်းကစပြီး ကျွန်မ အနားကို အကြောင်းအမျိုးမျိုးရှာပြီး ကပ်နေတော့တာပဲဆရာ တကယ်စွမ်းတယ်ဆရာရယ်။ ကျွန်မတော့ ဆရာ့ကို တကယ်ယုံသွားပြီ။ ကျေးဇူးပြုပြီး ကျွန်မဆိုမှ ကျွန်မ ချစ်နေအောင် ဘာလုပ်ရမယ်ဆိုတာ ပြောပြပေးပါဆရာရယ် ...

BIY WOODMART said...

ဆရာခင်ဗျား-ကျွန်တော် ခုတစ်လော ကျန်းမာရေး မကောင်းဖြစ်နေပါတယ်။Oversea မှာဆိုတော့ ခဏ၊ခဏ ပျက်ရင် အလုပ်ရှင်က ငြိုငြင်ပါတယ်။ဒါကြောင့် ကျန်းမာရေးကောင်းအောင် ဘာအဆောင်များ လုပ်ရမလဲ။ကျွန်တော်ကိုယ် ကျွန်တော် ကံလည်းနိမ့်နေတယ် ထင်ပါတယ်။ချစ်သူကလည်း အထင်တွေ လွဲနေပါတယ်။ကံစစ်ပေးရင်း ကျန်းမာရေး အဆောင်လည်း ပြောပေးပါအုံးဗျာ။ကျွန်တော် မွေးနေ့ က ၂၂။၀၈။၁၉၈၁ ပါ။

နေလင်း

Anonymous said...

ဆရာရေ...သမီးက နားပေါက်မရှိတော့ နားကပ်မပန်ဘူး။ သမီးလို နားပေါက်မရှိတဲ့သူတွေ ချစ်သူက အနားကပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ .... ယတြာလေး ချီးမြှင့်ပါ ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

Anonymous said...

သမီးက ညှပ်နားကပ်တောင်မရှိဘူး... :(

ဟိန်းတင့်ဇော် said...

ကျွန်တော်မနက်ဖြန်မှာအားလုံးကို ပြန်လညိဖြေကြားပေးသွားပါမည်ခင်ဗျာ။ အနည်းငယ်နောက်ကျခြင်းအတွက် ခွင့်လွှတ်ပေးပါရန်

nay said...

ဆရာ-ကျွန်တော် စင်ကာပူကို နောက်လထွက်ဖို့ လုပ်နေပါတယ်။ဟိုရောက်ရင် အလုပ်တစ်ခါတည်း ရမလား သိချင်ပါတယ်။ကျွန်တော် မွေးနေ့ က ၂၁/၇/၁၉၈၆ တနင်္လာသားပါ။အဆောင်ဆောင် ရမယ်ဆိုရင်လည်း ညွှန်ပေးပါအုံး။ကျေးဇူးတင်စွာဖြင့်

Anonymous said...

ဆရာရေ ဒီနေ့လေ အဖြေကို စောင့်ရင်း ဆရာဘလော့ခ်ထဲ ၀င်ကြည့်တာ အခါတစ်ရာပြည့်တော့မယ်။ Akhara

Anonymous said...

ဆရာ သမီးမေးထားတာလည်း မဖြေပေးဘူး။ သမီးလို နားပေါက်မရှိတဲ့သူတွေ ချစ်သူက အနားကပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ .... ယတြာလေး ချီးမြှင့်ပါ ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

Anonymous said...

ဖြေကြားပေးတာကျေးဇူးတင်ပါတယ် ဆ၇ာ။

မောင်စိုး

Anonymous said...

ဆရာရှင့် မိမိအပေါ် စိတ်ကုန်နေသောချစ်သူ- ပြန်လာစေဖို့ ယတြာ လုပ်ရန်မှာသဲအစား မြေကြီး ဒါ မှမဟုတ် တခြားသဲအစားဘာ များအစားထိုးရလဲမသိဘူးရှင့်သမီး လက် ရှိ နေရာကသဲရှာလို့မရလို့ပါ နှင်းဆီ ကတော့ ဘယ်အရောင်ဖြစ်ဖြစ်ရတယ်မလားဆရာ ကျေးဇူးပြုပြီးပြေပြပေပါနော်ဆရာ

y said...

Saya shint, I have been studying my master since 2006. I really want to end it up though many other obstacles are along with it. I have a son (3 years old), my husband's business (in debt), my health (been to hospital more than 5 times within 3 years, to the clinics is uncountable and last time was 3 weeks ago),i have no regular job. My biggest issue is ''Could I finish my education end of 2010?'' my date of birth is 18.9.1974 (Wednesday). Thanks in advance for your answer. Best Regards,

Anonymous said...

ဆရာ ကျွန်မက ဆရာ့ရဲ့ ဗေဒင်ပရိတ်သတ်တစ်ဦးပါ။ အခု အရမ်းသိချင်တဲ့ အမေးလေးတစ်ခုကတော့ ကျွန်မချစ်တဲ့ ချစ်သူနဲ့ ဖူးစာဆုံခွင့် ရှိနိုင်ပါတော့မလားဆိုတာပါဆရာ။ သူကတော့ အခြားအမျိုးသမီးတစ်ယောက်နဲ့ ဒီ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ တရားဝင်လက်ထပ်တော့မယ်လို့ သိထားပါတယ်။ သူကလည်း ကျွန်မကို သံယောဇဉ်တွေမကုန်သေးမှန်း ကျွန်မသိနေပါတယ်ဆရာ။ အကြောင်းတချို့ကြောင့် သူအခုလို ဆုံးဖြတ်လိုက်ရမှန်းလည်း ကျွန်မနားလည်ထားပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်မဆီ ပြန်လာနိုင်အောင် ကူညီနိုင်မလားဆရာ။ ကျွန်မတို့ အတူတူနေခဲ့ဖူးပါတယ်။ ဒါကြောင့်မို့လည်း သူနဲ့ပဲ ဖူးစာဆုံချင်ပါတယ်ရှင်။ သူနဲ့ ဖူးစာဆုံဖို့ ကံပါသေးရဲ့လားဆရာရယ်။ ကျွန်မမွေးသက္ကရာဇ်ကတော့ ၁၉၈၄.၇လပိုင်း ၁၈ ရက်နေ့ဖွား ဗုဒ္ဓဟူးသမီးပါ။ သူကတော့ ၁၉၇၇၊ ၁လပိုင်း ၂၂ ရက်နေ့ဖွား စနေသားပါ။ သူ့လက်ထပ်မဲ့အမျိုးသမီးကတော့ ၁၉၈၀၊ ၁၂ လပိုင်း၊ ၃၀ရက်နေ့ဖွား အင်္ဂါသမီးပါဆရာ။ ဆရာလိုအပ်မယ်ထင်လို့ မွေးသက္ကရာဇ်တွေအကုန်လုံးပေးခဲ့ပါတယ်။ ဆရာ့အဖြေကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားလျှက်ပါ။ လေးစားစွာဖြင့်.....။

Anonymous said...

ကျေးဇူးအရမ်းကိုတင်ပါတယ် ဆရာ အလုပ်ကိစ္စနဲ.ပါတ်သတ်လို.မေးထားတာပါ ဆရာ ဖြေကြားပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်. ဒန်ပေါက်က ဘယ်နေ.မဆိုကပ်လို.ရပါသလားရှင်

Y said...

Dear Saya, I was coming here many times for about your answer. I believed you forgot me. But this time I hope I will hear something from you. Could you kindly answer me,please? my question is ''Could I finish my education end of this year?'' my date of birth is 18.9.1974 (Wednesday). do I need Ya-da-yar? Thank you so much,Y.

Anonymous said...

"ဓာတ်ဗူးတစ်လုံးထဲမှာ သင်၏ ဓာတ်ပုံနှင့် လိုအပ်သော စာရွက်စာတမ်းများနှင့် ကိုယ်ဖြစ်ချင်တာကို ရေးထားသော စာရွက်တစ်ရွက်ကို ထည့်၍ အလုံပိတ်၍ မြင့်သောနေရာတစ်ခုတွင် တင်ထားလိုက်ပါ။"
ဆရာ၊ ဤအဖြေက PR ဒုတိယအကြိမ် အောင်မြင်အောင်လုပ်ရန်ပေးသော
ယတြာ ဟုတ်ပါသလား? ရိုသေစွာဖြင်.
(ပရိတ်သတ်တစ်ဦး)

Anonymous said...

သမီးရဲ. လတ်တလော ထပ်မံကြုံတွေ.နေရတာက အိမ်ငှားရှာရတဲ.ကိစ္စ ခက်ခဲနေခြင်း ဖြစ်ပါတယ်။ သမီးက ၁၈ ဇွန်လဖွား ၁၉၈၄၊ တနင်္လာသမီးပါ။ စင်္ကာပူမှာက တစ်အိမ်လုံးနေရပေမယ်.၊ အခန်းငှားစားမှ အဆင်ပြေတာပါဆရာ။ လူငှားရှာမရလို. စိတ်ညစ်လှပါပြီ။ နည်းလမ်းကောင်း ယတြာလေး ပေးပါ ဆရာရယ်။ အမြဲတမ်း ကူညီတဲ.ကျေးဇူးကို လေးစားနေမြဲပါ။ ကျေးဇူးတင်ပါတယ်။
သမီးငယ်

bot said...

ဆရာ ပေးတဲ.ယတြာရလို. အထူးကျေးဇူးတင်ပါတယ်။ ယုံယုံကြည်ကြည်နဲ. လုပ်ကြည်.ပြီးမှ အကြောင်းပြန်လိုက်ပါ.မယ်။ (သမီးငယ်)

Anonymous said...

ဆရာကောင်း၊ သမားကောင်းနှင်. ဆုံဆည်းချင်သော ကာယကံရှင်၏ နေ.နံမှာ ၁၈၊ ၀၆၊ ၁၉၈၄ ဖြစ်ပါတယ်။ ယတြာရှိပါက ကူညီပေးစေလိုတယ်။

maw said...

ဆရာ

သမီး သိလိုသည်မှာ ပညာရေးမှာ အနှောင့်အယှက် အခက်အခဲမရှိအောင်မြင်ချင်ပါတယ်။ ပညာသင်ကြားနေသော ကျောင်းသားဖြစ်ပါတယ်။ ယခုရောက်ရှိနေသော အသက်အပိုင်းအခြားအထိ သင်ကြားပြသဆိုဆုံးမပေးခဲ.သော အနန္တော၊ အနန္တဂိုဏ်းဝင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ ဂုဏ်ကျေးဇူးကို အောင်မေ.လျှက် ရိုသေစွာ ကန်တော.ပါ၏၊ ဆရာ၏ အဖြေကို စောင်.နေပါတယ်။ ရိုသေစွာဖြင်.

Anonymous said...

ဆရာ၊ ငွေအိုးစည်ပုံလေးဆိုတာကို သမီး မသိလို. ဘယ်လိုမျိုးဆိုတာ ရှင်းပြပေးပါ ဆရာ။

k said...

ဒီနေ့ထူးထူးဆန်းဆန်းဆရာ့ရဲ့ဆိုဒ် ကိုတွေ့လိုက်လို့အရမ်းဝမ်းသာသွားတယ်။အဲဒါနဲ့ဆရာ့ကိုဈေးဦးပေါက်တခုလောက်မေးပါရစေ။ကျနော်စီးပွားရေးကောကျမ္မာရေးပါအရမ်းကျနေပါတယ်။ကျနော်ထိုင်းမှာအရင်ကကိုယ်ပိုင်လုပ်ငန်းနဲ့ပါ။အရမ်းအဆင်ပြေခဲ့တယ်။
ခုတော့အလုပ်ဝင်လုပ်နေရပါတယ်။အလုပ်မှာအဆင်မပြေ၊ကျမ္မာရေးကြောင့်အလုပ်လဲခဏခဏပျက်ပါတယ်။
ဒါကြောင့်ကျနော်ဘာလုပ်ငန်းလုပ်သင့်တယ်၊ဘာလုပ်ငန်းလုပ်ရင်အကြိုးပေးမယ်ဆိုတာ ဆရာကျေးဇူးပြုပြီး
တွက်ချက်ဖြေကြားပေးပါလို့အနူးညွတ်တောင်းပန်ပါတယ်။
၁၃၃၀ပြည့်နှစ် ၊ နယုန်လဆန်း၁၅ရက်(နယုန်လပြည့်) တနင်္လာနေ့သားပါ(၁၀-၆-၁၉၆၈)
shwepaoh@gmail.com (ခေတ္တ ထိုင်း)

Anonymous said...

ဆရာခင်ဗျား
ဖြေကြားပေးတာကျေးဇူး အထူးတင်ပါတယ်။
ဆရာပေးတဲ့ယတြာကိုယုံကြည်စွာနဲ့ အမြန်ဆုံးလုပ်ပါမယ်။
ဆရာ ပို၍အောင်မြင်ပါစေ။
ကျော်ကျော်နိုင်
တနင်္လာသား။ ဘင်္ဂဖွား

Anonymous said...

ဆရာခင်ဗျား-ကျွန်တော် ဘယ်အချိန်လောက်များ ငွေရေးကြေးရေး အဆင်ပြေနိုင်ပါသလဲ?အိုဇာတာရော ကောင်းမယ်ကံပါလား?
အိမ်ထောင်ရော ကျမယ့်ကံရှိပါသလား။အိမ်ထောင်ကျမယ် ဆိုရင်ရော ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ကျနိုင်ပါသလဲ?
မွေးနေ့ က ၂၂၊၀၈၊၁၉၈၁ ။ စနေသားပါ။

Anonymous said...

ဆရာ အလုပ်များတဲ.အချိန်ထဲက သမီးတို.အတွက် ယတြာလုပ်ပေးတဲ.အတွက် ဆရာဘဝလည်း အေးချမ်းပါစေ။ သမီးက ၁၈၊၀၆၊၁၉၈၄ ဖွား ၊ တနင်္လာနေ.နံပါ။ နိုင်ငံခြားမှာနေထိုင်သောကြောင်. အင်္ဂလိပ်စကားပြောကျွမ်းကျင်ဖို. အမှန်တကယ် လိုအပ်ပါတယ်။ မြန်မာလူမျိုး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန်.ကို ဂုဏ်ယူမိပါတယ်။ ဥာဏ်၊ဝီရိယ အားကူပြီး ကြိုးစား လေ.ကျင်.ပေမယ်.၊ အင်္ဂလိပ် အပြောနှင်.နားထောင်မှူစွမ်းရည် သိပ်မတိုးတက်ပါ။ မည်ကဲ.သို. ပုံမှန် ယတြာလုပ်ဆောင်ဖို. လိုအပ်ပါသလဲ ဆရာ။ အားလုံး ကျန်းမာ၊ ချမ်းသာပါစေ။

reallove said...

လာစေ-ချစ်စေ-၀င်စေ ယတြာများ






ဆရာ ကျနော် စနေနံနဲ့ပက်သက်ပြီ

ုစမ်းကြည့်မလို့ပါ
အဲဒါ နည်းနည်းလေးလွဲးနေတယ်ထင်တယ်ဆရာ
အပေါ်က နေ့တွေအတွက သူ့နေနံနဲ့ သူ့ အရွက်တွေ
တွေက မှန်တယ် စနေနံတစ်ခုပဲ လွဲးနေတယ်
ဒါ့ကြောင့် ကျနော် ဘယ်လို လုပ်ရမှန်းမသိလို့
စာရေးလိုက်တာပါ
စနေနံသားသမီးအတွက်
အုန်းညွှန့်က တနင်္ဂနွေ
ကံကောက တနင်္လာ..
အဲအရွက်နှစ်မျိုးက မရရင်
အခြားလွယ်ကူသော ကြာသာ ပတေးနံ သောကြာနံအရွက်အညွန့်
တွေနဲ့အစားထိုးနိုင်တယ်တဲ့
အဲနေရာမှာ ရှေ့က အညွန့်နံနဲ့ နောက်က ကြာသာပတေး
သောကြာနံနဲ့က လွဲးနေသလိုပဲနော်
အပေါ်က နေ့တွေအတွက်ကြတော့ ရှေ့က ပြေားထားတဲ့
အရွက်နေ့နံတွေရှာမရရင် နောက်က ထပ်ပြောထားတဲ့ နေ့နံ
တွေအတွက် က ရှေ့နောက်ညီတယ်
စနေနံတစ်ခုပဲ ရှေ့နောက်မညီဘူး
အဲလိုဆိုတော့ ကျနော် ဘယ်လို လုပ်ရမလဲ ဆရာ
ပြန်ပြီ စစ်ဆေးပေးပါနော်
လေးစားယုံကြည် အားကိုးစွာဖြင့်

reallove said...

ကျနော့်ကို ကျေးဇူးပြုပြီး အကြောင်းပြန်ပေးပါနော် ဆရာ
ကျနော့် လေမ်က reallove812@gmail.cmo
မလေးရှားမှာ အလုပ် လာလုပ်နေတာပါ ဆရာ

Post a Comment