အမည်များကို-အောင်မြင်အောင်ယတြာချေပေးခြင်း


heintinzaw


န၀င်းဓာတ်ဖြည့်ယတြာ

ဒီယတြာနည်းလမ်း ကတော့ နာမည်ကို အကြောင်းခံ၍ ပြုလုပ်ရသော ယတြာချေနည်း ဖြစ်၏။ လူတစ်ယောက်ဟာ ဘယ်လောက် ဆင်းရဲ မွဲတေနေပါစေ နာမည်တစ်လုံးတော့ ကောင်းကောင်း ပိုင်ဆိုင် နိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အမည်ကို တွက်ချက် ကောက်ယူ ရာ၌ ရှေ့ကခေါ်လေ့ရှိသော ဦး+ကို+မောင်+ဒေါ်+မ စသည်တို့ကို ထည့်သွင်း တွက်ချက်ရန် မလိုပေ။ နာမည်ကို ကိန်းဂဏန်းဖွဲ့၍ ရရှိသော ကိန်းဂဏန်းကို (၉) ဂဏန်းတွင် နုတ်ရ၏။ ထိုနုတ်၍ ကျန်သော ဂဏန်းကို ယတြာပြုလုပ်ရခြင်း ဖြစ်ပါသည်။

နာမည်ကို ကိန်းဂဏန်းဖွဲ့မယ်ဆိုရင်....

အ+အိ+ဥ+ဧ+သြ....ဆိုရင် (၁)
က+ခ+ဂ+ဃ+င...ဆိုရင် (၂)
စ+ဆ+ဇ+ဈ+ည...ဆိုရင် (၃)
တ+ထ+ဒ+ဓ+န ဆိုရင် (၇)
ယ+ရ+လ+၀..ဆိုရင် (၄)
ပ+ဖ+ဘ+ဗ+မ ဆိုရင်(၅)
သ+ဟ..ဆိုရင် (၆) ဆိုတာတော့ လူတိုင်းသိပါတယ်နော်။
ကိုယ်နာမည်ကို ကိုယ်ပေါင်းကြည့်ပေါ့။ ပြီးရင် (၉)ထဲကနေ နုတ်လိုက်ပေါ့။ ပြီးရင် ကိုယ်နာမည်က ဘယ်လောက် ကြွင်း လဲပေါ့။ အကြွင်းကို ကြည့်ပြီး အောက်ပါအတိုင်း ယတြာဆောင်ရွက်လိုက်ပါ။

  • (၁)-ကြွင်းသော်..အုန်းသီးအစိမ်းတစ်လုံး
  • (၂)-ကြွင်းသော်...ကိတ်မုန်နှစ်ချပ်
  • (၃)-ကြွင်းသော်...စမူဆာသုံးခု
  • (၄)-ကြွင်းသော်...လဘက်အသားကြီးလေးပုံ
  • (၅)-ကြွင်းသော်...ပေါင်မုန့်ငါးချပ်
  • (၆)ကြွင်းသော်...သစ်သီး(၆)မျိုး
  • (၇)-ကြွင်းသော်...နံပြား(၇)ချပ်
  • (၈)ကြွင်းသော်...ရွှေကြည်မုန့် ရှစ်တုံး
  • (၉)-ကြွင်းသော်...ဖယောင်းတိုင် ၉-တိုင်၊သောက်တော်ရေ ၉-ခွက်၊ ယပ် ၉-လက်၊(ရောင်စုံ)ပန်း ၉-ပွင့် ကောက်ညှင်းပေါင်းအဖြူ အုန်းသီးဖြူးလျှက် ၉-ပန်းကန်၊ သမ္ဗုဒ္ဓေ ၉-ခေါက်ရွတ်ရန်

ယတြာလုပ်ရမည့်နေ့

ကိုယ့်မွေးနေ့မှာကိုယ် လုပ်လို့ ရပါတယ်။ မွေးနေ့ဆိုတော့ အကောင်းဆုံးပေါ့ဗျာ။

နောက်ဘာတွေလုပ်လို့ ရသေးလဲ..


မိမိ၏ ဈေးဆိုင် ၊ စတိုးဆိုင်၊ ကုမ္ပဏီ ၊ ဆေးခန်း ၊ စသည်များ၏ အမည်များကိုလည်း ပေါင်းကြည့်၍ မိမိလုပ်ငန်း အောငိမြင်အောင် စည်ကားအောင်ဆောင်ရွက်လို့ ရပါတယ်ဗျာ။

နမူနာလေးတစ်ခုလောက်.....

ဥပမာ= ဟိန်းတင့်ဇော်...ဆိုတဲ့ အမည်ကို အောင်မြင်အောင် ၊ ကံကောင်အောင် ယတြာချေမယ်ဗျာ။

ဟိန်း+တင့်+ဇော်====၆+၇+၃=၇-ရတယ်နော် (တစ်လုံးထဲရအောင်ပေါင်းတာနော်)

(၇)-ကြွင်းသောသူ အမည်ဖြစ်တဲ့ အတွက် မိမိ၏ မွေးနေ့ တနင်္လာနေ့နံနက် (၉)နာရီမှာ မြတ်စွာဘုရားအား နံပြား(၇)ချပ် လှူမယ်ဗျာ။ တစ်ပါတ်တစ်ခါ လုပ်ပေးမယ်ဗျာ။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဟိန်းတင့်ဇော် ဆိုသော သူသည် ကံဇာတာများ ပွင့်လန်း၍ အညံ့အခိုက်များ ပြေပျောက်ပြီးလျှင် ကောင်းကျိုးချမ်းသာများ ရရှိနိုင်မယ်။

အားလုံးပဲ မင်္ဂလာပါဗျာ
ဟိန်းတင့်ဇော်

0 comments:

Post a Comment