ထမင်းဆိုင်-ရောင်းကောင်းစေသော ယတြာ

ဒီအဒေါ်ကြီး နာမည်က ဒေါ်တင်ဥတဲ့။ ဇာတိကတော့ ကော့သောင်းကပါ။ ပုံစံကတော့ အင်း ပြောရရင် မြန်မာ မင်းသမီး “ ပွင့် ” စတိုင်ပါ။ သူပုံစံက ခပ်၀၀ဆိုတော့ သူ့ကို ဘယ်အလုပ်ရုံကမှ လက်မခံဘူးလေ။ အဲတော့ သူက အပြင်မှာ ထမင်းဆိုင် ရောင်းတယ်ပေါ့။ သူက ကျွန်တော်ဆီမှာ ဗေဒင် လာမေးတယ်။ ဆရာရယ်တဲ့။ ကျွန်မ ထမင်းဆိုင် ရောင်းကောင်းအောင် ကူညီပေးပါဦးတဲ့။

အဲတော့ ကျွန်တော်က ထမင်းဆိုင် ရောင်းကောင်းချင်တာများဗျာ ဟင်းကောင်းကောင်းချက်ဗျာ။ ဈေးချိုချိုနဲ့ေ၇ာင်းဗျာ။ အဲဒါဆိုရင် ခင်ဗျားဆိုင်ကို လူတွေ အုံလာလိမ့်မယ်ဟု ခပ်တည်တည်နဲ့ ပြောလိုက်လေရာ ဒေါ်တင်ဥက

ဟုတ်ပါပြီဆရာရယ်။ ဆရာပြောသလို ကျွန်မ ကောင်းကောင်းလဲ ချက်ပါ့မယ်။ ဈေးချိုချိုနဲ့လည်း မြန်မာပြည် သား အလုပ်သမားတွေ စားသုံးနိုင်အောင်လဲ ရောင်းပေးပါ့မယ်။ ဆရာကသာ ကျွန်မကို ယတြာ ကူညီပေးပါဟု ပြန်ပြောလေ၏။

ထမင်းဆိုင် ရောင်းကောင်းချင်တယ်ဆိုရင် ဒီလိုလုပ်ဗျာ။ ဆိုင်ကောင်တာမှာ ရွှေရောင်နဲ့ (5) လို့ ရေးထားပြီး ကပ်ထားလိုက်ဗျာ။ ဆိုင်က ကောင်တာ မရှိဘူး ဆိုရင်တော့ ဆိုင်မျက်နှာစာမှာ ကပ်ထားလိုက်။ ဒါဆိုရင် ခင်ဗျား ထမင်းဆိုင် ရောင်းကောင်းလွန်းအားကြီးလို့ ပွင့် ကိုယ်လုံးကနေ မိုးဟေကို ဒီဇိုင်း ပြောင်းသွားလိမ့်မယ်ဟု ပြန်ပြော လိုက်လေတော့၏။

0 comments:

Post a Comment