အချိန်ကောင်း အခါကောင်း ရွေးပြီး အလုပ် လုပ်မယ် ဆိုရင်

ဒီနေ့တင်မယ့် အကြောင်းအရာလေးကတော့ အချိန်ကောင်း အခါကောင်းရွေးချယ် စီစစ်ပြီးမှ ကိုယ်လုပ်မယ့် ကိစ္စ တွေကို အကောင်အထည်ဖော် စတင်တတ်တဲ့ သူတွေအတွက်ပါ။ ပုံမှန်အားဖြင့် ဆိုရင်တော့ မလိုပါဘူး။ အရေးကြီးတဲ့ အချိန်အခါမျိုးတွေ ဆိုရင်တော့ နည်းနည်းလောက် သိထားရင် ကောင်းမယ်။ အားအားရှိ နာရီကြည်လိုက် ၊တွက်ကြည့်လိုက် အခါရွေးလိုက် ဆိုတာမျိုးကတော့ မကောင်းပါဘူး။ အဲဒါဆိုရင်တော့ အခါရွေးတယ် ဆိုတဲ့ စကားက ရီစရာကြီး ဖြစ်နေမှာပေါ့။

ဒီအချိန် လဘက်ရည်ဆိုင် သွားရင်ကောင်းမလား ။ အခါ ကြည့်ကြည့်ဦးမှ ။ ကွမ်းယာ သွားဝယ်ဦးမယ် ဘာအခါလဲ ဆိုတဲ့ နေ့စဉ်ပုံမှန် လုပ်နေကျအလုပ်တွေ အတွက်ကတော့ မလိုပါဘူး။ နေရာတကာ အခါရွေးဖို့လည်း မတိုက်တွန်း ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘ၀မှာ တစ်ခါတစ်လေ အရမ်းအရေးကြီးတဲ့ ကိစ္စမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို အရေးကြီးတဲ့ အချိန်မျိုးတွေဆိုရင်တော့ ဒါလေး သိထားရင် ကောင်းမယ်ဆိုပြီး တင်ပေးလိုက်တာပါ။ အနည်းဆုံးတော့ ဆောင်ရန် ရှောင်ရန်လေးတော့ သိရတာပေါ့။ ဥပမာ....

အကြွေးသွားတောင်းမယ်...
ငွေကြေးကိစ္စ အကူအညီ သွားတောင်းမယ်။
အလုပ်ကိစ္စ သွားပြောမယ်။
ရာထူးတိုးကိစ္စ အထက်လူကြီးနဲ့ သွားတွေ့မယ်။
နိုင်ငံခြားကိစ္စ သံရုံး သွားမယ်
ပြဿနာကို သွားပြီး ဖြေရှင်းရမယ်။
ခရီးဝေးကို စတင်ထွက်ခွါရမယ်။
ပစ္စည်းတစ်ခုကို ရောင်းဖို့ စကား သွားပြောရမယ်။

အစရှိတဲ့ ကိုယ့်ဘ၀အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စတွေကို အကောင်အထည် ဖော်၇မယ့် အခါမျိုးတွေမှာ ဘယ်အချိန် သွားရင် ကောင်မလဲ ဆိုတာလောက် သိဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ပုံကို မမြင်ရရင်တော့ နှိပ်သာကြည့်ကြပေတောဗျာ..




သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်

ဟိန်းတင့်ဇော်


0 comments:

Post a Comment