skip to main
|
skip to sidebar
ဗေဒင်ပညာရယ်ဗလာရယ်
Home
About
Posts RSS
Comments RSS
Contact
Blogger Templates
လက်တွေ့-အသုံးချ စမပညာ
ဒီအင်းစမတော်ကိုတော့ ဣတ္ထိယသဘာဝ အစွမ်းပြသော စမတော် ဖြစ်ပါတယ်။ ဘယ်လိုနေရာမှာ အသုံးပြုရသလဲဆိုတော့ အမျိုးသမီးများအတွက် သီးသန့် ဖြစ်ပါတယ်။ အမျိုးသမီးတွေ အင်းအားသုံးတဲ့နေရာမှာ အသုံးပြုရပါတယ်။ အမျိုးသမီးတစ်ဦးဟာ တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့်မှု့ကို ခံနေရတယ်ဆိုပါစို့။ အဲဒီ အနိုင်ကျင့်မှု့ကနေ လွတ်မြောက်ဖို့ ၊ မိမိဘက်က အသာစီးရဘို့ ၊ အနိုင် ပြန်လို ချင်တဲ့ အခါမျိုးတွေမှာ သုံးသင့်ပါတယ်။ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း အကျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘယ်လို သုံးရမလဲဆိုပါတော့ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်း ဆုတောင်းနိုင်ပါတယ်။
ဒီစမတော်ကတော့ စွန့်စားရသောအခါများ၌ ပုဂ္ဂိုလ်ထူးအား တိုင်တယ်၍ ထွန်းရ သော စမတော် ဖြစ်ပါတယ်။ နောက်ပြီး အမှားအယွင်းများကို ကိုယ့်ဘက်က ပြင်ဆင်လိုတဲ့ အခါမျိုးတွေမှာလည်း အသုံး ပြုပါတယ်။ ဥပမာ ကိစ္စတစ်ခုကို ကိုယ်က စွန့်စားပြီး လုပ်ရတော့မယ်။ အောင်မြင်မယ်။ မအောင်မြင်ဘူး ။ မသေချာ ဘူး။ အဲဒီလို အခါမျိုးတွေမှာ အသုံးပြုပါတယ်။ အိမ်ထောင်ရေး ၊ စီးပွားရေး ဘာကိ စ္စတွေမှာပဲ ဖြစ်ဖြစ် စါန့်စားရမယ်ဆိုရင် အသုံးပြုပေါ့နော်။ နောက်ပြီး ကိုယ်က ကိစ္စ တစ်ခုကို အမှားပြုမိတယ်။ အဲဒါကို ကိုယ်က ပြန်လည် ပြင်ဆင်လိုတယ်။ အဲဒီလို အခါမျိုးတွေမှာလည်း တစ်ဖက်လူ လက်ခံအောင် အသုံးပြုလို့ ရပါတယ်။
ဒီအင်းတော်ကြီးကတော့ ၀ိမုတ္တိအရိယာ အင်းတော်ကြီးလို့ ခေါ်ပါတယ်။ အဘဘိုးမင်း ခေါင် စီရင်သော ရန်ဘေးဟူသမျှ လွတ်ကင်းသော အင်းတော်ကြီးလို့ စာမှာပါတယ်။ ၀ိမုတ္တိဆိုတဲ့အတိုင်း လွတ်မြောက်စေတဲ့ သဘောရှိပါတယ်။ ရန်အပေါင်း၊ ဘေးအပေါင်း ကနေ လွတ်မြောက်စေတယ်။ နောက်ပြီး စီးပွားရေး ။ လူမှု့ရေး အကျဉ်း အကျပ်ကနေ လွတ်မြောက်စေတယ်။ စီးပွားရေး အခက်အခဲ ကြုံနေသူများ၊ ရန်အန္တရယ် ၀ိုင်းနေသူများ ၊လူမှု့ရေး အတိုက်အခိုက် ပေါများနေသူများ အသုံးပြုသင့်ပါတယ်။ အဖမ်းအစီး ၊ အချုပ် အနှောင်ကြုံနေသူများနှင့် ၊ ကြုံမည်ကို ကြိုတင်ပူပန်နေသူများ အတွက် သင့်တော် ပါတယ်။
ဒီစမတော်ကိုတော့ ပေါကြွယ်ဝခြင်းနှင့် ငွေကြေး ချောင်လည်စေခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆို ပါတယ်။ ဘ၀မှာ ငွေကြေးလာဘ်လာဘ ရွှင်လန်းစေချင်တယ်ဆိုရင် အသုံးပြုပါ။ ထီပေါက် ချဲပေါက်အောင်။ ငွေရ အလှူ လုပ်ရတာတို့၊ ဈေးဆိုင် အရောင်း အ၀ယ်ကောင်း ပြီး လာဘ်လာဘ ရွှင်လန်းစေချင်တာတို့ ဆိုရပါတယ်။ တစ်စုံတစ်ယောက်ဆီက ငွေကြေးအကူအညီ လိုအပ်တဲ့အခါမျိုးတွေမှာလည်း အသုံးပြုလို့ ရပါတယ်။ နောက်ပြီး လောင်းကစား အနိုင်ရလိုသောအခါ မျိုးတွေမှာလည်း သုံးလို့ ရပါတယ်။
ဒီစမတော်ကိုတော့ ကျန်းမာရေးကောင်း စေခြင်းနှင့် ဆွေမျိုးသားချင်းများ နေထိုင်ကောင်း စေလိုတဲ့အခါတွေမှာ သုံးပါတယ်။ နောက်ပြီး ပစ္စည်းဥစ္စာများကို ကာကွယ်စေလိုတဲ့ အခါမျိုးတွေမှာ အသုံးပြုပါတယ်။ မိမိကိုယ်တိုင်ပဲ ဖြစ်ဖြစ် ၊ မိသားစု တစ်စုံတစ်ယောက်ပဲ ဖြစ်ဖြစ် နေထိုင်မကောင်းဘူးဆိုရင် မီးထွန်း ဆုတောင်းလို့ ရပါတယ်။ နောက်ပြီး ဆေးမတိုးတဲ့ လူနာတွေ ၊ ရောဂါ မပျောက်ကင်းတဲ့ လူနာတွေအတွက် သင့်တော်ပါ တယ်။ နောက်ပြီး မိမိအိမ်ကို သူခိုး မ၀င်စေချင်တဲ့ အခါမျိုးတွေမှာ- နောက်ပြီး မိမိ၏ ပစ္စည်းဥစ္စာ ဓနတွေကို ကာကွယ်စေချင်တဲ့ အခါတွေမှာလည်း အသုံးပြုလို့ရပါတယ်။
0 comments:
Post a Comment
Newer Post
Older Post
Home
Blog Archive
Blog Archive
November (26)
October (42)
September (30)
August (54)
July (53)
June (8)
April (14)
March (28)
February (41)
January (41)
September (1)
August (3)
Labels
ကမ္ဘာကျော်စိတ်တန်ခိုးရှင်များ
(3)
ကျင့်ယူ၍ရသောပညာရပ်များ
(7)
ဂဏန်းဗေဒင်
(16)
စာဖတ်ခန်း
(1)
စာရေးခြင်းအတတ်ပညာ
(1)
စိတ်တန်ခိုးကျင့်စဉ်
(18)
တစ်ပါတ်စာကံကြမ္မာဟောစာတမ်း
(1)
တားရော့ပညာ
(32)
ဒီနှစ်-သင်၏ကံကြမ္မာ
(3)
ဓာတ်ပုံများ
(1)
နည်းပညာ
(1)
ပို့အားလုံး ခေါင်းစဉ်များသာ
(1)
ပုတီးမိတ်ဆွေများအတွက်
(2)
ဗွီဒီယို
(1)
ဘလော့တွင်ပဲသိချင်တာမေးရန်
(1)
မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်
(5)
မင်းသိင်္ခ၏၀တ္ထုတိုများ
(3)
မြန်မာ့ရိုးရာဗေဒင်ပညာ
(11)
ရင်သို့ထိသော စကားလုံးများ
(18)
လက္ခဏာ
(13)
သင့်ဘ၀အဖော်မွန်အကြောင်း
(8)
ဟာသ
(1)
အခါရွေးချယ်ခြင်း
(3)
အချစ်ရေး-အိမ်ထောင်ရေး
(25)
အင်းစမတော်များ
(2)
အင်းဖယောင်းတိုင်စီရင်ပုံ
(1)
အဓိဋ္ဌာန်
(13)
အမှတ်တရပုံရိပ်များ
(2)
အဆောင်နှင့်ယတြာ
(124)
ဒေါက်တာမင်းသိင်္ခဆိုတာ....
(3)
ကြော်ငြာ
(1)
ဗေဒင်ဝါသနာရှင်များအတွက်
(1)
ဗေဒင်မေးရန်နှင့်ဟောစာတမ်း
(1)
ရောင်းရေး-၀ယ်တာ
(15)
နှလုံးပီတိ-ဂွမ်းဆီထိသို့
(1)
0 comments:
Post a Comment