ဒီကတ်ပြားဟာ သူရိယ နေမင်းကြီးကို ကိုယ်စားပြုတဲ့ ကတ်ပြား ဖြစ်ပါတယ်။ အချို့ ဂန္ဓာရီ ပညာရှင် များက ကျတော့လည်း နေမင်းကြီး မဟုတ်ဘူး ။ နေမင်းကြီးရဲ့ သားတော်လေး ဖြစ်တယ်လို့ ယူဆကြ ပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို “နေမင်း၏ သားတော် ” လို့ လည်း ခေါ်ဝေါ်ကြပါတယ်။
သူရဇ္ဇလို့ ခေါ်တဲ့ သူရဇ္ဇ နေမင်းကြီးဟာ ကျွန်တော်တို့ စကြာဝဠာမှာ အကြီးမားဆုံး ။ အလင်းလက် ဆုံး အရှိန်အ၀ါ အထက်မြက်ဆုံး ဖြစ်ပါတယ်။ ဒီစကြာဝဠာရဲ့ အသက်ဓာတ်လို့ သတ်မှတ်ကြပါတယ်။
အဲဒိတော့ ဒီကတ်ပြားကို အကောင်းသဘော လို့ ယူဆရမှာ ဖြစ်ပါတယ်။ နာမည် ဂုဏ်သတင်း ကြီးမားခြင်း ၊ အရှိန်အ၀ါ သြဇာအာဏာ ထက်မြက်ခြင်း ၊ တစ်ပါးသူတို့ကို ကူညီ ထောက်ပံ့ နိုင်ခြင်း ဆိုတဲ့ သဘောတွေကို ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။
နေမင်းကြီးရဲ့ သားတော်ဟာ မြင်းတစ်ကောင်ကို စီးပြီး ပျော်ရွှင်စွာ ခရီး ထွက်လာခဲ့ပါတယ်။ အဲဒီတော့ အောက်လက်ငယ်သား သားသမီး တို့နှင့် ပါတ်သက်ပြီး သတင်းကောင်း ကြားရခြင်း ၊ ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုးထူး သောခရီးများ သွားရခြင်း ဆိုတာတွေလည်း ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာမေးလာ နံပါတ်(၁၉) နေသူရိန် ကတ်ပြား ကျလာ ခဲ့ရင် .......

- ဖြစ်မည် ရမည် အောင်မြင်မည် ဆိုတဲ့ အဟောတွေပဲ ဟောရမှာ ဖြစ်ပါတယ်။ လောကမှာ ထယ်ဝါ ထင်ပေါ်တဲ့ သဘော ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းထင်ပေါ် ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
- အောက်လက်ငယ်သား ၊ သားသမီး တို့နှင့် ပတ်သက်ပြီး သတင်းကောင်း ကြားရမည်။
- နာမည် ဂုဏ်သတင်း တိုးတက်ခြင်း သြဇာ အာဏာ တိုးတက်ခြင်းများ ဖြစ်လာမည်။
- ၀န်ထမ်းဆိုလျှင် ရာထူးတိုး တက်မည်။
- ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုး ထူးသော ခရီးများ သွားရလိမ့်မည်။
- ရပ်ဝေးက သတင်းကောင်း ၊ ဧည်သည်ကောင်းများ ရောက်လာမည်။
- ကား ၊ ဆိုင်ကယ် ၊ စက်ဘီး စသော ယာဉ်များ ၀င်လာတတ်သည် စသော ဟောကိန်းများ အဟောထုပ် နိုင်ပေတာပေါ့ဗျာ...။
0 comments:
Post a Comment