ကိုယ်တိုင်ယတြာပြုလုပ်မယ်ဆိုရင် (၁)

ယတြာပြုလုပ်ပေးမည့်ဆရာဂမ္ဘီရရေချိုးနည်း

ကိုယ့်ရဲ့ရေချိုးခန်းမှာ ရေချိုးကန်ရှိရင်တော့ အဲဒီရေချိုးကန်နဲ့ပဲ လုပ်ပေါ့။ မရှိရင်တော့ သစ်သားစည် တစ်လုံး ၀ယ်ပြီး ရေအပြည့်ဖြည့်ရမယ်။ အဲဒီရေထဲကို မီးဖိုချောင်မှာ သုံးတဲ့ ဆားဇွန်း(၂၀) ခပ်ရမယ်။ ပြီးတော့ ဆပ်ပြာ မှုန့်ထည့်ပြီး မွှေရမယ်။ ပြီးတော့ အဲဒီ သစ်သားစည်ထဲဝင်စိမ်ပြီး ချိုးရမယ်။ ချိုးတဲ့အခါမှာလည်း ငြိမ်ငြိမ်လေး မချိုးရဘူး။ ရေသံကြားအောင် လှုပ်ရွပြီး ချိးရမယ်။ 
အဲဒီလိုရေချိုးနေစဉ်မှာ အနားမှာ ဖယောင်းတိုင်တစ်တိုင် ထွန်ထားရမယ်။ ဆပ်ပြာရေတွေ ဆားရေတွေ   ပြောင်စင်အောင် ရေသန်နဲ့တစ်ခါ ရေချိုးရမယ်။ ရေသန့်နဲ့ ရေချိုးပြီးရင် ထွန်းထားတဲ့ ဖယောင်းတိုင်ကို မှုတ်ပြီး တစ်ကိုယ်လုံးကို ခြောက်သွေ့သွားအောင် မျက်နှာသုတ်ပ၀ါနဲ့ ပွတ်တိုက်ပစ်ရမယ်။ ပြီးတော့မှ လျှော်ဖွတ်ပြီး သား အ၀တ်အစားကို လဲပြီး ယတြာဆောင်ရွက်ပေးရမယ်။

ယတြာပြုလုပ်ပေးမည့်ဆရာအတွက် ဓာတ်သွင်းခြင်း

အဲဒီလို ဂမ္ဘီရ ရေချိုးနည်းနဲ့ ရေချိုးပြီးတဲ့အခါ အ၀တ်မစားလဲမယ်။ ပြီးတော့ ဂမ္ဘီရ စားပွဲလေးရှေ့မှာ သွားပြီး ထိုင်မယ်။ အဲဒီလို ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ကျောရိုးကို သစ်ပင်တစ်ပင်ရဲ့ ပင်စည်လို သဘောထားရမယ်။ ရွှေရောင်အတိ ပြီးနေရမယ်။
အဲဒီပင်စည်ဟာ မြီးညှောင့်ရိုးကနေ ငယ်ထိပ်အထိ ရောက်နေရမယ်။ အဲဒီ ရွှေေ၇ာင်ပင်စည် အတွင်းကနေ ရွှေရောင်အရည်တွေဟာ ပန်းထွက်ပြီး ခြေထောက်ကနေ ကြမ်းပြင် ၊ ကြမ်းပြင်ကနေ မြေကြီးထဲကို ၀င်သွား တယ်လို့ အာရုံပြုရမယ်။ 
တစ်ခါ မြေကြီးထဲက ရွှေရောင်အရည်တွေဟာ ခြေထောက်ကနေ၀င်လာပြီး ကျောရိုးပင်စည်ထဲကနေ ငယ် ထိပ်အထိ ပန်းထွက်သွားတယ်လို့ အာရုံပြုရမယ်။ အဲဒီလို အာရုံပြုတဲ့အခါ ကိုယ်ခန္ဓာရဲ့ တစ်ခြမ်းစီကို တစ်လှည့်စီလုပ်ရမယ်။ဘယ်ဘက်ချမ်းက စိမ့်တက်လာရင် ညာဘက်ချမ်းက စိမ့်ထွက်သွားတယ်လို့ အာရုံပြု ရမယ်။ ညာဘက်ချမ်းက စိမ့်တက်လာရင် ဘယ်ဘက်ချမ်းက စိမ့်ထွက်သွားတယ်လို့ အာရုံပြုရမယ်။ အဲဒီအ လုပ်ဟာ ယတြာပြုလုပ်ပေးမယ့် ဆရာအတွက် ဓာတ်သွင်းတာပဲ။ အနည်ဆုံး (၁၀)ကြိမ် လုပ်ရမယ်။ အဲဒါတွေမလုပ်ဘဲနဲ့ ယတြာအစီအရင်တွေ လုပ်မပေးရဘူး။ 

ယတြာဆရာ၏ခြေကုတ်ယူခြင်း

အစောကပြောခဲ့တဲ့ဟာတွေ လုပ်ပြီးတဲ့အခါ ကိုယ်လုံးပေါ်မှန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပါ။ ပြီးတော့ မှန်ထဲမှာ ကိုယ်ပုံကို သေချာကြည့်လိုက်ပါ။ အဲဒီလိုကြည့်ရင်း တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ လျော့ကျလာပြီး ခန္ဓာကိုယ်ထဲက အလင်းရောင်တန်းတစ်ခုဟာ ခြေဖ၀ါးက ဖြတ်ပြီး မြေကြီးထဲကို ၀င်သွားပြီလို့ အာရုံပြုရမယ် အဲဒါ ပြီးတဲ့အခါမှာ မြေကြီးထဲက အလင်းရောင်တစ်ခုဟာ ခြေဖ၀ါးက ဖောက်ပြီး ခန္ဓာကိုယ်ထဲ ၀င်လာ တယ်လို့ အာရုံပြုရမယ်။ အဲဒါကိုလည်း (၁၀)ခါလောက် လုပ်ရမယ်။ အဲဒါကတော့ ယတြာလုပ်မယ့် ဆရာဟာ မြေဓာတ်ကို ခြေကုတ်ယူတယ်လို့ အာရုံပြုနားလည်ရမယ်။

အဘမင်းသိင်္ခ၏ပညာမူ

0 comments:

Post a Comment